ဝက်နံရိုးကင်နဲ့မှိုဆော့စ်
ပါဝင်ပစ္စည်းများ
ဝက်နံရိုး ၂၀၀ ဂရမ်LP Sauce 1 tes
HP Sauce 1 tes
Red Wine 1 tbs
Mustard 0.5 tes
Olive Oil 1 tes
Black Pepper Seed 1 tes
Brown Sauce 1 cup
ထောပတ် ၁၅ ဂရမ်
ကြက်သွန်ဖြူ ၂၀ ဂရမ်
ဆား အနည်းငယ်
အာလူး ၅၀ ဂရမ်
ကြက်ဥအကာ ၁ လုံး
ဂျုံမှုန့် အနည်းငယ်
ပေါင်မုန့်ခြောက်အမှုန့် အနည်းငယ်
ဆီ ၁၀ ကျပ်သား
ပန်းဂေါ်ဖီ အနည်းငယ်
ဘိုစားပဲသီး အနည်းငယ်
ပြောင်းဖူးသေး အနည်းငယ်
မုန်လာဥနီ အနည်းငယ်
ပြုလုပ်နည်း
၁. ၀က်နံရိုးအသားနှင့်တွဲလျက် ၂၀၀ဂရမ်အား ရေစင်အောင်ဆေးကြောပါ။ ထို့နောက် LP Sauce, HP Sauce, Mustard, Red Wine, Olive Oil, Black Pepper Seed, ဆား တို့နှင့်သမအောင်နယ်ပါ။ အချိန် ၁ နာရီ ခန့်ကြာအောင်ရေခဲသေတ္တာအတွင်းတွင်နှပ်ထားပါ။အသား၊ငါးများထည့်သောဗူး(သို့)ပလတ်စတစ်အိတ် နှင့် လုံခြုံအောင်ထုပ်ပိုးထားရန် လိုအပ်ပါသည်။
၂. အသားအား သင့်တင့်သောမီးအပူချိန် (medium fire) ဖြင့်ကင်ပါ။ ထို့နောက် Microwave ဖြင့် ၅ မိနစ် ခန့်ကင်ပေးပါ။အရိုးနားမှအသားများကျက်ပြီဆိုပါကစိတ်ချစွာစားသုံးနိုင်ပါသည်။ ၀က်သားသည် ရောဂါပိုး များပြားလွန်းသဖြင့် ကင်သည့်အခါ အသားကျက်အောင် ဂရုစိုက်ပြီးကင်မှ စားသုံးသင့်ပါသည်။
၃. Sauce ချက်ရန်အတွက် ထောပတ်အားအိုးထဲသို့ထည့်ပါ အရည်ပျော်ပါက ကြက်သွန်ဖြူစင်းပြီးသား အနည်းငယ်ထည့်ပြီး မွှေပါ။ ထို့နောက် Red Wine ထည့်ပါ။ ၀ိုင်အနံ့အနည်းငယ်သတ်ပြီးပါက Brown Sauce ထည့်ပြီး အရသာအဖြစ် ဆား နှင့် ငရုပ်ကောင်း အနည်းငယ်ထည့်ပါ။
၎။ အသီးအရွက် ၄ မျိုးအား ရေနွေးဆူဆူထဲတွင် ခေတ္တထည့်ထားပါ။ ၄င်းအား Blenchingလုပ်ခြင်းဟုခေါ်ပြီး အသီးအနှံများတွင် ပါသည့် Bacteria များနှင့် အသီးအရွက်များ အရောင်လှစေရန်အတွက်ြဖစ်သည်။ ၄င်းနောက် ထောပတ် နှင့် ကြက်သွန်ဖြူအနည်းငယ် သပ်ပြီး အသီးအရွက်များထည့်ပြီး ကြော်ပါ။ အရသာ အဖြစ် ဆား နှင့် ငရုပ်ကောင်း သုံးနိုင်ပါသည်။
၅. အာလူးပြုတ်ပြီးသားအားချေပါ ကြက်ဥအကာ ၁ လုံး ဂျုံမှုန့် အနည်းငယ် နှင့်ဆား၊ငရုပ်ကောင်းထည့်ပြီး
ဆလင်ဒါပုံစံလေးများရအောင်လုံးပါ။ လုံးပြီးသား အာလူးများအား ကြက်ဥ အကာနှင့် Bread Crumb (ပေါင်မုန့်ခြောက်) အမှုန့်လေးများကပ်ပြီး ရွှေအိုရောင်ရအောင် ကြော်ပါ။

No comments:
Post a Comment